တပ်ကုန်းမြို့နယ်၌ ကျေးလက်လမ်းလုပ်ငန်းများ ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

တပ်ကုန်း မတ် ၆

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း ပြည်ထောင်စု/ နေပြည်တော်ကောင်စီ/ ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေဖြင့်ဆောင်ရွက်သောလုပ်ငန်းများနှင့် သဘာဝဘေးကြောင့်ပျက်စီးဆုံးရှုံးသွားသည့်လမ်းများ ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းခွင်များသို့ ယနေ့နံနက်ပိုင်းက အင်ဂျင်နီယာချုပ်(မြို့ပြ)နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်၊ QC အဆင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။ 

ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးထွန်းဝေနှင့်တာဝန်ရှိသူများက လမ်းတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကိုကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီအရည်အသွေးပြည့်မီစေရေး၊ အချိန်မီပြီးစီးစေရေးအလေးထားဆောင်ရွက်သွားရန်မှာကြားခဲ့ကြောင်း တပ်ကုန်းမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

တင်စိုးလွင်