အလုံ မတ် ၅
အလုံမြို့နယ်တွင် အစားအသောက်နှင့်ရေမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်တားဆီးနိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီအချိန်ခန့်က စောရန်ပိုင်တောင်ရပ်ကွက်ရှိ အလုံစျေးအတွင်း ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထို့သို့စစ်ဆေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသဇင်ခိုင် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက အစားအသောက်နှင့် ရေမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်တားဆီးရေးလုပ်ငန်းများဖြစ်သည့် အစားအသောက်ပြင်ဆင်ရောင်းချသည့် ဆိုင်များ၏ သန့်ရှင်းမှုနှင့် ကြွက်၊ ယင်၊ ပိုးဟပ်ကင်းစင်ရန်စီစဥ်ထားရှိမှု၊ သန့်ရှင်းသောရေ (Chlorinated water) အသုံးပြုခြင်းရှိ/မရှိ၊ အစားအသောက်ပြင်ဆင်ရောင်းချသူများ၏ တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် Mask၊ Cap၊ Glove နှင့် Apron အပါအဝင် လိုအပ်သည့် ကာကွယ်ရေးပစ္စည်းများ အသုံးပြုခြင်း ရှိ၊ မရှိ စသည်တို့ကို ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲကိုကိုနှင့်အဖွဲ့၀င်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြည်သူကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယောဧရာ