ကမာရွတ် မတ် ၅
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်အတွင်းရှိ ဈေးများ၊ အစားအသောက်ရောင်းချသည့် စျေးဆိုင်များအားကျန်းမာရေးဝန်ထမ်းများ၊ စည်ပင်၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ အမျိုးသမီးရေးရာ၊ မိခင်ကလေးလူမှုရေးအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးမှုးများဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မသန့်ရှင်းသောရေမှတစ်ဆင့် ရောင်းချလျက်ရှိသော အစားအစာ၊ အစားအသောက်များသို့ ရောဂါများဖြစ်ပွားမှုမရှိစေရး ကြိုတင်ကာကွယ်ကြရန်အတွက် ကျန်းမာရေးဝန်ထမ်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှအသိပညာ ပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်ဆက်)