ကျောက်တန်းမြို့နယ် ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များသို့ စာအုပ်၊ စာစောင်များပေးအပ်လှူဒါန်း

ကျောက်တန်း မတ် ၅

ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီမှ လှူဒါန်းရရှိခဲ့သော စာအုပ်စာစောင်များအား သန်လျင်ခရိုင် ကျောက်တန်းမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာစာကြည့်တိုက်များသို့ စာအုပ်စာစောင်များ ထပ်ဆင့်လှူဒါန်းပွဲကို ယနေ့နံနက်( ၁၁)နာရီတွင် ကျောက်တန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်ထွန်းက တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသောစာအုပ်များအား သက်ဆိုင်ရာရပ်ကွက်/ကျေးရွာစာကြည့်တိုက်များတွင် စနစ်တကျရေးသွင်းဆောင်ရွက်ကြရန်လိုကြောင်း၊ ရပ်ကွက်ကျေးရွာစာကြည့်တိုက်များ ရှင်သန်အောင်မြင်ရေးအတွက် စာကြည့်တိုက်ကော်မတီများက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်ထွန်းက တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသောစာအုပ်များအား သက်ဆိုင်ရာရပ်ကွက်/ကျေးရွာစာကြည့်တိုက်များမှ စာကြည့်တိုက်မှူးများအား စာအုပ်စာစောင်များပေးအပ်လှူဒါန်းသည်။

အခမ်းအနားသို့ မြို့နယ်စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီဝင်များနှင့် ရပ်ကွက်/ ကျေးရွာစာကြည့်တိုက်မှ စာကြည့်တိုက်မှူးများ  တက်ရောက်ခဲ့ကြောင်းသိရသည်။

နေလင်းကျော် (ပြန်/ဆက်)