လသာမြို့နယ် သူနာပြုသင်တန်းကျောင်း၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

 

လသာ မတ် ၅

ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားခရိုင် လသာမြို့နယ်ရှိ သူနာပြုသင်တန်းကျောင်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လသာမြို့နယ် သူနာပြုသင်တန်းကျောင်း၌ မီးသတ်ဆေးဘူးများထားရှိမှု၊ မီးချိတ်၊ မီးကပ်၊ ရေ၊ သဲ ပြင်ဆင်ထားမှုများကို မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့ရာ သူနာပြုသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဝန်ထမ်းများက လိုက်လံရှင်းလင်းပြသခဲ့ကြသည်။

ထို့နောက် သူနာပြုသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် သင်တန်းသူများအား လက်တွေ့မီးငြိမ်းသတ်ပုံနှင့် မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြုပုံများကို မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့ပြသပေးခဲ့ကြကြောင်းနှင့် သင်တန်းသူများကလည်း လက်တွေ့ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

နန်းသဲနုအောင် (ပြန်/ဆက်)