မှော်ဘီမြို့နယ်၌ အသည်းရောင်အသားဝါ (A) ရောဂါဖြစ်ပွားမှုမရှိစေရေး ကြိုတင်ကွင်းဆင်းဆောင်ရွက်

မှော်ဘီ မတ် ၅

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီခရိုင် မှော်ဘီမြို့နယ်၌ အသည်းရောင်အသားဝါ (A) ရောဂါဖြစ်ပွားမှုကြိုတင်ကာကွယ်ရန်အတွက် ယနေ့နံနက် ၉ နာရီအချိန်က မှော်ဘီမြို့မဈေးအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် မှော်ဘီမြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မှော်ဘီမြို့နယ်ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မှော်ဘီမြို့မဈေးအတွင်း အသည်းရောင်အသားဝါ (A) ရောဂါဖြစ်ပွားမှုကြိုတင်ကာကွယ်ရေးအတွက် အစားအသောက်နှင့် စားသောက်ကုန်များ လက်သုတ်စုံရောင်းချလျက်ရှိသော ဈေးသူ/ဈေးသားများ အသားနှင့် ငါး၊ ဟင်းသီဟင်းရွက်များ မလပ်စပ်သောအသားနှင့် ဟင်းသီးဟင်းရွက်များ ရောင်းချနေမှုများအား လိုက်လံစစ်ဆေး၍ ဈေးသူ/ဈေးသားများကို ကျန်းမာရေးအသိပညာပေးဆောင်ရွက်ပြီး ဈေးအတွင်းရှိ ရေကန်များအား ကလိုရင်းဆေးခပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါဆောင်ရွက်ရာသို့ မှော်ဘီမြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဒုတိယညွန်ကြားရေးမှူး ဦးခင်ဦးနှင့် စည်ပင်ဝန်ထမ်းများ၊ မှော်ဘီမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှုးအဆင့် (၁) ဒေါ်ခင်အေးဝင်းနှင့် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာရပ်ကွက်အုပ်ချုပ်ရေးမှူးများ လိုက်ပါဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝင်းဇော် (ပြန်/ဆက်)