လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီအားကစားအခြေခံသင်တန်းများ စတင်ဖွင့်လှစ်

လှိုင်သာယာ မတ် ၅

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအားကစားအခြေခံသင်တန်းများကို ယမန်နေ့ နံနက် (၇) နာရီမှ (၈) နာရီ၊ ညနေပိုင်းတွင် (၄) နာရီမှ (၆) နာရီအထိ အမှတ် (၆) ရပ်ကွက်၊ အောင်မြေသာယာအားကစားကွင်းတွင် သင်တန်းသားများအား သင်ကြားပို့ချပေးလျက်ရှိသည်။

အဆိုပါသင်တန်းများကို (၁-၃-၂၀၂၅) ရက်‌နေ့မှ (၃၁-၃-၂၀၂၅) ရက်နေ့ထိ အားကစားနည်း (၃) နည်းဘောလုံးကစားနည်း၊ ဖူဆယ်ကစားနည်း၊ တိုက်ကွမ်ဒိုကစားနည်း နွေရာသီအားကစားသင်တန်းများကို သင်ကြားပို့ချသွားမည်ဖြစ်ပြီး မြို့နယ်အတွင်း မျိုးဆက်သစ်အားကစားသမားကောင်းများ စဉ်ဆက်မပြတ် ပေါ်ထွန်းလာစေရန်၊ မြို့နယ်ကိုယ်စားပြုအားကစားသမားများမှတစ်ဆင့် နိုင်ငံလက်ရွေးစင်အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ နွေရာသီအားကစားအခြေခံသင်တန်းများကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဒေါ်ဖြိုးမွန်စံထံမှ သိရသည်။

ခင်၀င်းမူ (ပြန်/ဆက်)