လှိုင် မတ် ၅
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ အစားအသောက်ရောင်းချသော ဈေးဆိုင်များအား အစားအသောက်မှတဆင့် ကူးစက်တတ်သော ရောဂါများကာကွယ်တားဆီးရေး ပူးပေါင်းကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က လှိုင်ဈေးကြီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးအဖွဲ့ဝင်များနှင့် ဈေးတာဝန်ခံများပူးပေါင်း၍ လှိုင်ဈေးကြီးအတွင်းရှိ အစားအသောက်ရောင်းချနေသော ဈေးဆိုင်များအား ကွင်းဆင်းဆောင်ရွက်ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဦးစီးမှူး ဒေါက်တာဝေဆင့်ကျော်မှ အစားအသောက်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ အကြောင်းရှင်းလင်းပြောကြားခြင်း၊ အစားအသောက်များသန့်ရှင်းမှု ရှိ/မရှိ စစ်ဆေးခြင်း၊ သိုလှောင်သိမ်းဆည်းပုံ မှန်/မမှန် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
မြို့နယ် (ပြန်/ဆက်)