ကွမ်းခြံကုန်း မတ် ၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ တောကျောင်းကျေးရွာအုပ်စု၊ တောကျောင်းကျေးရွာ၊ ကွင်းအမှတ် (၃၆၄ -A) ဦးပိုင်အမှတ်၊ (၆/၁)ရှိတောင်သူ ဒေါ်အေးနီလာသန်း၏ လယ်မြေတွင် နေကြာစံပြကွက်ရိတ်သိမ်းပွဲအခမ်းအနားအား ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ နေကြာစံပြကွက်ရိတ်သိမ်းပွဲတွင် ကွမ်းခြံကုန်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကြည်စိန်က နေကြာပန်းတိုင်အထွက်နူန်းရရှိရေး ဆောင်ရွက်ရမည့် နည်းလမ်းများ စိုက်ပျိုးနည်းစနစ်မှန်ကန်ရေး မြေဩဇာကျွေးနည်းစနစ်များ မှန်ကန်စွာကျွေးနိုင်ရေး အစေ့နှံအောင်မြင်ရေးအတွက် ပျားများထားရှိမှု အခြေအနေများအပေါ် အောင်မြင်သော အပွင့်များရရှိမှာဖြစ်ကြောင်း တစ်ဧကလျင်ဒေသအပင်ဦးရေ ၂၉၀၀၀ ပြည့်မှီမှသာ မိမိရည်မှန်ထားသည့် ပန်းတိုင်အထွက်နူန်းရရှိမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသွားပါသည်။
ဆက်လက်၍ တွံတေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွှန့်နွယ်က နေကြာအောင်မြင်အောင် စိုက်ပျိုးပေးသော တောင်သူများအား လာမည့်နှစ်တွင်လည်း နေကြာစိုက်ပျိုးဧကပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နူန်းပိုမိုရရှိအောင် နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးကြရန်နှင့် ယခုလိုအောင်မြင်အောင် စိုက်ပျိုးပေးသော တောင်သူများအား ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက်တွံတေးခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွှ့န်နွယ်နှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ၊မြို့နယ်စိုက်ကြပ်အဖွဲ့ဝင်များ၊ တောင်သူများက ကွင်းဆင်းကြည့်ရှုအားပေးပြီး တောင်သူ ဒေါ်အေးနီလာသန်း၏ နေကြာစံကွက်အားရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် နေကြာအစိုအထွက်နူန်း (၃၂ .၅၀) တင်း ထွက်ရှိကြောင်း သိရသည်။
ဆွေနွယ် (ပြန်/ဆက်)