မြို့မြေတိုင်းတာရေးနှင့်ပတ်သက်၍ ပိုင်ဆိုင်ခွင့်စုံစမ်းမှုစာရင်းပြုစုကောက်ယူရေးအဖွဲ့၏ ချပြရှင်းလင်းပွဲအခမ်းအနားကျင်းပ

ကိုကိုးကျွန်း မတ် ၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် မြို့မြေတိုင်းတာရေးနှင့်ပတ်သက်၍ ပိုင်ဆိုင်ခွင့်စုံစမ်းမှုစာရင်းပြုစုကောက်ယူရေးအဖွဲ့၏ ချပြရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်၌ ကိုကိုးကျွန်းမြို့နယ်ရှိ မြို့နယ်ခန်းမတွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြို့မြေချထားရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးညီညီစောမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်မြေစာရင်းဦးစီးမှူးဦးမင်းဦးမှ မြေပိုင်ဆိုင်ခွင့်စုံစမ်းမှုစာရင်းကောက်ယူရေးအဖွဲ့၏ ဆောင်ရွက်နေမူများကို တက်ရောက်လာသည့် မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများကို အသေးစိတ်ရှင်းလင်းချပြဆွေနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာကြသော မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများက မြေပိုင်ဆိုင်မူနှင့် သိရှိလိုသည်များကိုမေးမြန်ကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီစောနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မြေစာရင်းဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူစုစုပေါင်း ၂၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။

ကိုကိုးကျွန်း(ပြန်/ဆက်)