ပျော်ဘွယ်မြို့နယ်၊ မယ်ဇလီအိုင့်ကျေးရွာတွင်စာဖတ်ခြင်း၏ ကျိုးကျေးဇူးအကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပ

ပျော်ဘွယ် မတ် ၅

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျေးရွာပြည်သူများ၊ လူငယ်လူရွယ်များ အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရေး၊ ငယ်ရွယ်စဉ်မှစတင်ကာ စာပေဖတ်ရှုတတ်စေရန်ရည်ရွယ်၍ စာဖတ်ခြင်း၏ အကျိုးကျေးဇူးအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ (၁)နာရီက မယ်ဇလီအိုင့်ကျေးရွာ ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး စန်းစန်းကြူက အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်ရန်အတွက် ဗဟု သုတရရှိစေမည့် စာပေများကိုလေ့လာဖတ်ရှုရန် လိုအပ်ပါကြောင်း၊ မိဘများအနေဖြင့်လည်း စာပေကိုပိုမိုဖတ်ရှုလေ့လာရန် လူငယ်လူရွယ်များအား တိုက်တွန်းအားပေးနိုင်ရေးတို့ကို ဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များ၊ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး စာအုပ်စာစောင်များကို ကျေးရွာပြည်သူများနှင့် လူငယ်လူရွယ်များက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)