ပြည်ကြီးတံခွန် မတ် ၅
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် လူဦးရေစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီမှ မြို့နယ်အတွင်းရှိ လူဦးရေစာရင်းမှန်ကန်ရေး၊ မြေပြင်ကွင်းဆင်းစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးမှုလုပ်ငန်းများအား တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် (၅.၃.၂၀၂၅)ရက်နေ့မှစ၍ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီခွဲအချိန်က (ဈ)ရပ်ကွက် အကွက်အမှတ် ပပ-၁၂၊ ၆၀အေလမ်း ၁၃၄ နှင့် ၁၃၅ ကြားရှိ နေအိမ်များသို့ မြေပြင်လူဦးရေစာရင်းနှင့်တိုက်ဆိုင်စစ်ဆေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်းကြည့်ရှုစစ်ဆေး ဆောင်ရွက်ရာတွင် မြို့နယ် (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဝင်းမင်းထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ကော်မတီအတွင်းရေးမှူး၊ မြို့နယ်လဝကဦးစီးမှူး ဦးအောင်သွင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိဦးမင်းစိုးနိုင်နှင့် တာဝန်ရှိသူများက အိမ်ထောင်စုအမှတ်စဉ်နှင့် မိသားစုအမှတ်စဉ်များကို နေရပ်လိပ်စာအတိုင်း နေထိုင်ခြင်းရှိ/မရှိ စာရင်းပြုစုခြင်း၊ သေဆုံးခြင်း စာရင်းများအတည်ပြုခြင်း၊ စာရင်းရှိသော်လည်း မြေပြင်တွင် နေထိုင်မှုမရှိသူများနှင့် စာရင်းမရှိ နေထိုင်သူများ စာရင်းပြုစုခြင်းနှင့် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည့်လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်စွက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)