ရမည်းသင်း မတ် ၅
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မတ်(၅) ရက် နံနက်ပိုင်းမှစတင်၍ ရမည်းသင်းမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများရှိ အသက်(၂)လမှ (၅၉) လအထိ ကလေးငယ်(၁၈၉၄၄)ဦးများအား ပိုလီယိုရောဂါကာကွယ်ဆေး (အစက်ချဆေး) များ အသုံးပြု၍ ပိုလီယိုရောဂါကာကွယ်ဆေးအရှိန်အဟုန်မြှင့် တိုက်ကျွေးခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိကြာင်း သိရသည်။
အဆိုပါလုပ်ငန်းများကို ရမည်းသင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်မြင့်မော်ဦးဆောင်၍ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ ပိုလီယိုရောဂါကာကွယ် ဆေးတိုက်ကျွေးပြီးသောကလေးများတွင် အပိုဆောင်းတိုက် ကျွေးခြင်းဖြင့်ပိုလီယိုကာကွယ်ဆေး လွှမ်းခြုံမှုကို မြှင့်တင်ရန်၊ကာကွယ် ဆေးလုံးဝမတိုက်ကျွေးရသော(သို့မဟုတ်) အကြိမ်ပြည့် မတိုက်ကျွေးရ သောကလေးများကို ကာကွယ်ဆေးတိုက်ကျွေးထိုးနှံပေးခြင်းဖြင့် ကိုယ်ခံအား ကွာဟချက်ကို လျှော့ချရန်၊ ကာကွယ်ဆေးလွှမ်းခြုံမှု ၁၀၀ ရာခိုင်နှုန်းပြည့်ရရှိခြင်းနှင့် ပိုလီယို ဗိုင်းရပ်စ်ကူးစက် ပြန့်နှံခြင်းကို တားဆီးခြင်းဖြင့် ကလေးများအားလုံးကို ပိုလီယိုရောဂါမှ ကာကွယ်ရန်ရည်ရွယ်ချက်ဖြင့် အသက်(၂)နှစ်မှ (၅၉)လအထိ ကလေးငယ်များအား ဆက်လက်တိုက်ကျွေးခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်း ပိုလီယိုရောဂါ ကာကွယ်ဆေး (အစက်ချဆေး) တိုက်ကျွေးနေမှုကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ရွှေသိန်းနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)