ဒဂုံမြို့သစ်(မြောက်ပိုင်း)၌ ပြည်သူများရေရရှိမှုအဆင်ပြေစေရန် ရေပိုက်လိုင်းများပြုပြင်ဆောင်ရွက်

ဒဂုံမြောက် မတ် ၅

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၂)ရပ်ကွက်တွင် ငမိုးရိပ်ရေပိုက်လိုင်းမှ ရေသွယ်ယူသုံးစွဲခဲ့ရာ ဖေဖော်ဝါရီလဒုတိယပတ်မှစတင်၍ ရေအားနည်းသဖြင့် ရပ်ကွက်အချို့နေရာများတွင် ရေအခက်အခဲများဖြစ်ပေါ်ခဲ့သည်။

ထိုကဲ့သို့ရေအခက်အခဲများဖြစ်ပေါ်ခဲ့သဖြင့် ရပ်ကွက်မှတာ၀န်ရှိသူများမှ မြို့နယ်စည်ပင်သာယာရေးကော်မတီ ရေသန့်ဌာနသို့ တင်ပြခဲ့ရာ မတ်လ ၄ ရက်နေ့မှစတင်ပြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)ရေသန့်တာ၀န်ခံနှင့် ကာယဉာဏလုပ်သားများသည် အမှတ်(၄၂)ရပ်ကွက်တွင် ရေအားကောင်းမွန်စေရန်အတွက် ရပ်ကွက်အဓိကနေရာများတွင်ရှိသော ရေပိုက်လိုင်းများကို ပြုပြင်‌ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မြင့်မြင့်ရီ