ငါန်းဇွန် မတ် ၅
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် (Grade-5, Grade-9)နှစ်ဆုံးစာမေးပွဲကို မတ်လ ၃ ရက်နေ့မှစတင်ဖြေဆိုခဲ့ရာ တတိယနေ့ သင်္ချာဘာသာရပ်အား ယနေ့နံနက် ၉ နာရီတွင် ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ဖြေဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ (Grade-5, Grade-9)နှစ်ဆုံးစာမေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမျိုးမင်းသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများ၏ အေးချမ်းစွာ စားမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမျိုးမင်းသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး နှင့်တာဝန်ရှိသူများသည် ငါန်းဇွန်မြို့အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမရှေ့၌ ၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် Grade-12 ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဝင်ခွင့်ကတ်ပြား ထုတ်ပေးနေမှုအား သွားရောက်ကြည့်ရှုပြီး ကျောင်းသား၊ ကျောင်းသူများအား ထူးချွန်စွာအောင်မြင်ရေး ကြိုစားဖြေဆိုကြရန် အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)