မြစ်သားမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ (၁)နှစ်ခွဲအောက် ကလေးငယ်များအား ကာကွယ်ဆေးများထိုးနှံတိုက်ေကျွးပေးခြင်းများဆောင်ရွက်

မြစ်သား မတ် ၅

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် ကျန်းမာရေးဆရာမများ၊ သားဖွားဆရာမများမှ မြို့ပေါ် (၆)ရပ်ကွက်မှ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ(၁)နှစ်ခွဲအောက်ကလေးငယ်များ လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်‌ကျွေးပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါမိခင်နှင့်ကလေးကျန်းမာရေးဌာနရုံးခန်းတွင် ကာကွယ်ဆေးများထိုးနှံတိုက်‌ ကျွေးပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရာတွင် မြို့ပေါ် (၆) ရပ်ကွက်ရှိ မွေးကင်းစမှ (၁) နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများဖြစ်သည့်  ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ (ဘီ) ပိုး၊ ဦးနှောက်အမေးရောင် ငါးမျိုးစပ်ကာကွယ်ဆေးနှင့် ပိုလီယို အကြောသေ၊ ဝက်သက်၊ ဂျိုက်သိုး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပြင်းထန်အဆုတ်ရောင် (ပီစီဂျီ)နှင့် ဂျပန်ဦးနှောက် ရောင်ရောဂါကာကွယ်ဆေးများကို အသက်အရွယ်အပိုင်းအခြားအလိုက် ထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်၊ ဆုံဆို့ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ထမ်းများက စနစ်တကျထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကကာကွယ်ဆေးထိုးနှံတိုက်‌ကျွေးပေးခြင်းကို မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမများနှင့် သားဖွားဆရာမတို့က လစဉ်သတ်မှတ်ရက်များတွင်ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ သိရသည်။

ဝါဝါမြင့်(မြစ်သား)