ရန်ကင်း မတ်၅
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီလုပ်ငန်းညှိုနှိုင်းစည်းအဝေးနှင့် စာအုပ်/စာစောင် ထပ်ဆင့်လှူဒါန်းပွဲ အခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ယမန်နေ့ နေ့လယ် (၁) နာရီက ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါလုပ်ငန်းညှိုနှိုင်းအစည်းအဝေးတွင် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှတိုးက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်စာကြည့်တိုက်ကြီးကြပ်ရေး ကော်မတီအတွင်းရေးမှူး ဒေါ်လှလှထွေးက ရပ်ကွက်စာကြည့်တိုက်များ ရှင်သန်တိုးတက်ရေးအတွက် ဆက်လက်လုပ်ဆောင်ရမည့် အစီအစဉ်များ၊ ရပ်ကွက်စာကြည့်တိုက်များသို့ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီမှ လှူဒါန်းထားသော စာအုပ်စာစောင်များအားထပ်ဆင့် လှူဒါန်းရခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့ရာတွင် တိုင်းဒေသကြီးမှ လှူဒါန်းသော စာအုပ်များအား သက်ဆိုင်ရာရပ်ကွက်စာကြည့်တိုက်များတွင် စနစ်တကျစာရင်းရေးသွင်း ဆောင်ရွက်ကြရန်လိုကြောင်း၊ ရပ်ကွက်စာကြည့်တိုက်များ ရှင်သန်အောင်မြင်ရေးအတွက် စာကြည့်တိုက်ကော်မတီများက ဝိုင်ဝန်းဆောင်ရွက်ပေးကြရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် စာအုပ်စာစောင်ထပ်ဆင့်လှူဒါန်းပွဲအား ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီမှ လှူဒါန်းရရှိခဲ့သော စာအုပ်စာစောင်များအား မြို့နယ်စာကြည့်တိုက် ကြီးကြပ်ရေးကော်မတီမှ ရန်ကင်းမြို့နယ်အမှတ် (၄) ရပ်ကွက်ရှိ မြို့မစာကြည့်တိုက်နှင့် အမှတ် (၅) ရပ်ကွက်ရှိ ရန်ကင်းဂုဏ်ရည်စာကြည့်တိုက်တို့အား စာအုပ်စာစောင်များကိုထပ်ဆင့် ပေးအပ်လှူဒါန်းခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စာကြည့်တိုက်ကြီးကြပ်ရေးကော်မတီဝင်များနှင့် ရပ်ကွက်စာကြည့်တိုက်များမှ စာကြည့်တိုက်မှူးများ ရပ်ကွက်စာကြည့်တိုက်ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရဲလေး (ပြန်ဆက်)