စမ်းချောင်း မတ် ၅
ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင် စမ်းချောင်းမြို့နယ်တွင် ဆက်သွယ်ရေးကြိုးများ စနစ်တကျရှိစေရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် စမ်းချောင်းမြို့နယ်အတွင်းရှိ ရှုပ်ထွေးနေသောဆက်သွယ်ရေးကြိုးများ စနစ်တကျရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဘ၀င်းနှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါ၀င်သောအဖွဲ့မှ ရှုပ်ထွေးနေသော ဆက်သွယ်ရေးကြိုးများ စနစ်တကျရှိစေရေး ကွင်းဆင်းရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဖြူသွယ်ထွန်း (ပြန်/ဆက်)