ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် သက်မွေးပညာသင်ကျောင်းများသို့ လျှပ်စစ်ဆက်သွယ်ရေးနည်းပညာဆိုင်ရာပစ္စည်းများ ပေးအပ်လှူဒါန်း

ထန်းတပင် မတ် ၅

နည်းပညာဆိုင်ရာကိုကျောင်းသားကျောင်းသူများသင်ကြားသင်ယူရာတွင်ပိုမို အထောက်အကူပြုနိုင်ရန်ရည်ရွယ်၍ ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် သက်မွေးပညာသင်ကျောင်းများသို့ လျှပ်စစ်ဆက်သွယ်ရေးနည်းပညာဆိုင်ရာပစ္စည်းများဖြစ်သည့် ရေဒီယိုပစ္စည်း(၇၅)စုံပေးအပ် လှူဒါန်းခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ပေးအပ်လှူဒါန်းရာတွင်လည်း တန်ဖိုးငွေကျပ်(၁၀၈)သိန်းတန်ဖိုးရှိ လျှပ်စစ်ဆက်သွယ်ရေးနည်းပညာဆိုင်ရာပစ္စည်းများဖြစ်သည့် ရေဒီယိုပစ္စည်း(၇၅)စုံကို  V-Top Industries Myanmar Limited မှတာဝန်ရှိသူများက ပေးအပ်လှူဒါန်းရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနကိုယ်စား ရန်ကုန်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်နှင့် သက်မွေးပညာသင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများလက်ခံရယူခဲ့ကြောင်း သိရသည်။

ဇင်မင်းထိုက်(ပြန်ဆက်)