ကိုကိုးကျွန်းမြို့နယ် လူထုအ‌‌ခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

ကိုကိုးကျွန်း မတ် ၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ‌‌ခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့နံနက်(၁၀)နာရီအချိန်၌ စာပေချစ်မြတ်နိုးသူများအဖွဲ့နှင့် Book Club အသင်းဝင်များပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းကို စာရေးဆရာ မင်းဗထူးရေးသားသော ခေါင်းဆောင်နှင့်သူ၏စကားစာအုပ်ဖြင့် Book Club စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ကျင်းပခဲ့ရာ ကိုကိုးကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းဇော်မှ စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မင်းဗထူးရေးသားသည့် ​ ခေါင်း​ဆောင်နှင့်သူ၏စကား စာအုပ်ဖြင့်စာဖတ်ဝိုင်းဆွေးနွေးပွဲကိုကျင်းပပြုလုပ်ရာ Book Club စာဖတ်ဝိုင်းအဖွဲ့ဝင်များဖြစ်ကြသော ဦး​အေးမင်းဟိန်းမှ သင့်တန်ဖိုးကိုတိုးမြှင့်ရန်ဆက်စပ်မူရှိပါ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးမိုးနောင်မှ ဆက်စပ်မူရှိခြင်းသည် မိမိအတွက်ချည်းမဖြစ်ရ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးဝင်းမော်ဦးမှ စကားလုံးများထက် ကျော်လွန်၍ဆက်စပ်မှုရယူပါခေါင်းစဉ်များဖြင့် အသီးသီးဖတ်ရှုဆွေးနွေးကြပြီး ကျန်စာပေချစ်မြတ်နိုးသူအဖွဲ့များက အဆိုပါစာအုပ်ပါအခြားခေါင်းစဉ်များကို ဆွေနွေးဖတ်ရှုရာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးထွန်းထွန်း​ဇော်မှ ဆွေးနွေးချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကိုကိုးကျွန်း (ပြန်/ဆက်)