သုံးခွ မတ် ၄
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၁၇)ရက်နေ့မှ (၂၂)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ အဆိုပါစာမေးပွဲတွင် သုံးခွမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ(၆၇၃)ဦး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် မတ်လတွင်ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(၁)၊ အ.ထ.က(၂)စာစစ်ဌာနတို့တွင် ဖြေဆိုကြရမည်ဖြစ်ပြီး အခြေခံပညာအထက်တန်းကျောင်းများမှ အတွင်းအပြင်ဖြေဆိုမည့် ကျောင်းသား(၃၃၁)ဦး၊ ကျောင်းသူ(၃၄၂)ဦး စုစုပေါင်း(၆၇၃)ဦးတို့မှ သက်ဆိုင်ရာဘာသာတွဲများအလိုက် ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။
သုံးခွမြို့နယ်တွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ ကျောင်းပေါင်း(၁၄၇)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၇)ကျောင်း၊ စုစုပေါင်းကျောင်းပေါင်း(၁၅၄)ကျောင်းရှိကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်