မဟာအောင်မြေ မတ် ၅
မဟာအောင်မြေမြို့နယ်အတွင်း ရပ်ကွက်နေပြည်သူများ မီးဘေးအန္တရာယ်မဖြစ်ပွားစေရန်ရည်ရွယ်၍ မီးသတ်ဦးစီးဌာနဝန်ထမ်းများမှ လိုက်လံနှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ ရပ်ကွက်နေပြည်သူများအနေဖြင့် ပွင့်လင်းခြောက်သွေ့သော နွေရာသီရောက်ရှိချိန်ဖြစ်သောကြောင့် မဟာအောင်မြေမြို့နယ်အတွင်း မီးလောင်မူနှင့်မီးလန့်မှုမဖြစ်ပွားစေရန်နှင့် မီးလောင်ဆုံးရှုံးမှုလျော့နည်းစေရန်အတွက် မဟာအောင်မြေမြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးညွန့်ဝင်းအောင်၏ လမ်းညွှန်မှုဖြင့် မဟာအောင်မြေမြို့နယ်အတွင်းရှိ ရပ်ကွက်များအလိုက် နေ့စဉ်နေ့/ညမပျက် မီးဘေးကြိုတင်ကာကွယ်ရေး မီးဘေးသတိမူရေး နှိုးဆော်ခြင်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ဇော်မင်း