နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဇေယျာသီရိမြို့နယ်နှင့် တပ်ကုန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော် မတ် ၅

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ်၊ အောင်ဇေယျရပ်ကွက်၊ မအူတောကျေးရွာအုပ်စုနှင့် သက်နှင်းအင်းကျေးရွာအုပ်စုတို့တွင် စက်မှုလယ်ယာဦးစီးဌာနမှဆောင်ရွက်နေသည့် စက်မှုလယ်ယာစနစ်ကျလယ်မြေ ၂၆၀ ဒသမ ၇၀ ဧက ဖော်ထုတ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေ အနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးရာတွင် တာဝန်ရှိသူများက စက်မှုလယ်ယာစနစ်ကျလယ်မြေဖော်ထုတ်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် နွေစပါးစိုက်ပျိုးမည့်အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဒေသခံတောင်သူများနှင့်တွေ့ဆုံပြီး ယခုစက်မှုလယ်ယာစနစ်ကျလယ်မြေ ဖော်ထုတ်ပေးခြင်းဖြစ်သည့်အတွက် စပါးအပါအဝင် စိုက်ပျိုးသီးနှံများကို ပန်းတိုင်အထွက်နှုန်းများထက် စံပြအထွက်နှုန်းများထွက်ရှိရေး၊ အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များကိုရွေးချယ်စိုက်ပျိုးရေး၊ သွင်းအားစု ဓာတ်မြေဩဇာများအပြင် သဘာဝမြေဩဇာများပြုလုပ်ပြီး ထည့်သွင်းအသုံးပြုစေလိုကြောင်း၊ စိုက်ပျိုးရေများကို စနစ်တကျအလေအလွင့်မရှိစေရေး၊ သီးထပ်စွမ်းအားများတိုးတက်ရေး၊ သီးထပ်သီးညှပ်စိုက်ပျိုးရေးတို့ကို အလေးထားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် စက်မှုလယ်ယာစနစ်ကျလယ်မြေ ၂၆၀ ဒသမ ၇၀ ဧက ဖော်ထုတ်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် စိုက်ပျိုးရေပေးဝေနေမှုများ၊ နွေစပါးကို မျိုးစေ့ချကိရိယာ (Seeder)နှင့် ကောက်စိုက်စက်တို့ဖြင့် စိုက်ပျိုးထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ ကင်းသာကျေးရွာ ရွှေဟင်္သာဘုန်းတော်ကြီးကျောင်း၌ နေပြည်တော်ကုသရေးဦးစီးဌာနက ဦးဆောင်၍ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင်-၃၀၀နှင့် တပ်ကုန်းမြိုပြည်သူ့ဆေးရုံ ခုတင် -၁၀၀ တိုမှ အထူးကုဆရာဝန်များ ပါဝင်သောအဖွဲ့က ကင်းသာကျေးရွာ၊ ရှောက်ကုန်းကျေးရွာ၊ မကျီးကုန်း ကျေးရွာ၊ ကျားသေအိုင်ကျေးရွာ၊ နွယ်ရစ်ကျေးရွာနှင့် ရွှေမြို့ကျေးရွာတိုမှ ဒေသခံပြည်သူများကိုကွင်းဆင်း၍ အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။

ကြည့်ရှုအားပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာန၊ နေပြည်တော် တိုင်းကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဆွေဇင်ဝင်းနှင့်တာဝန်ရှိသူများက အထူးကုဆရာဝန်ကြီးများက ဒေသခံပြည်သူများအားကွင်းဆင်း၍ အခမဲ့ဆေးကုသပေးပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို လိုက်လံရှင်းလင်းပြသရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး အထူးကုဆရာဝန်ကြီးများအား အမှတ်တရသစ်သီးခြင်းပေးအပ်ကာ လာရောက်ဆေးကုသမှုခံယူသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အာဟာရဖြစ် စာသောက်ဖွယ်ရာပစ္စည်းများပေးအပ်ခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ ဗိုလ်မင်းရောင်ရပ်ကွက်အတွင်းရှိ ဦးတင်ထွန်းအောင်၏ မွေးမြူရေးခြံတွင် တောင်သူများနှင့်တွေ့ဆုံရာတာဝန်ရှိသူများက မြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ နွေစပါးစိုက်ပျိုးပြီးစီးမှုအခြေအနေများ၊  တောင်သူများက လက်ရှိစပါးအထွက်နှုန်း တစ်ဧက တင်း ၁၈၀ ထွက်ရှိမှု၊ သဘာဝမြေဩဇာအသုံးပြုပုံများနှင့် အထွက်နှုန်းကောင်းမွန်အောင်ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက စပါးအဝင်သီးနှံအထွက်နှုန်းများတိုးတက်ရေးအတွက် မိရိုးဖလာစိုက်ပျိုးနည်းမှ သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များမှန်ကန်စွာစိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်း မျိုးသန့်များ၊ သွင်းအားစုများ၊ စိုက်ပျိုးရေများ စနစ်တကျသုံးစွဲပြီး ပန်းတိုင်အထွက်နှုန်းများ တိုးတက်ထွက်ရှိအောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ပန်းတိုင်အထွက်နှုန်းထွက်ရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် နည်းလမ်းလေးသွယ်ကို စနစ်တကျမှန်ကန်စွာဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ မြေများကို လှပ်ထားခြင်းမပြုရေးနှင့် သီးထပ်စွမ်းအားများ တိုးတက်ကောင်းမွန်အောင် စိုက်ပျိုးကြစေလိုကြောင်း၊ စိုက်ပျိုးနည်းကို နည်းစနစ်ကျကျစိုက်ပျိုးမှသာ ပန်းတိုင်အထွက်များတိုးတက်ထွက်ရှိပြီး တစ်ဦးချင်ဝင်ငွေများ တိုးလာမှာဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ကွင်းအမှတ် ၁၃၁၉၊ တောင်သူ ဦးတင်ထွန်းအောင်၏ နွားမွေးမြူရေးခြံအတွင်း နွားများမွေးမြူထားရှိမှုများ၊  စပါးခွံ၊ နွားချေး၊ ကြံမြုပ် ချေး၊ ဖွဲနု၊ EM ဘိုကာရှီနှင့် တင်လဲရည်တို့ဖြင့်  စိုက်ပျိုးဧက ၂၀ စာအတွက် သဘာဝမြေဆွေးပုံပြုလုပ် ထာရှိမှုနှင့်  နွေစပါးစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တပ်ကုန်းမြို့နယ်၊ ဘုရင့်နောင် ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သို့ ရောက်ရှိပြီး အဆိုပါကျောင်းအတွင်း ရေဘေးကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအား ပြန်လည်ပြုပြင်ပြီးစီးမှုအခြေအနေများ၊ ကလေးကစားကွင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးပြီး ကျောင်းစာကြည့်တိုက်အတွက် မတည်ငွေနှင့်စာအုပ်များကို ပေးအပ်ခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တပ်ကုန်းမြို့နယ်၊ ကံကြီးမွေးမြူရေးဇုန်ရှိ ရှင်းလင်းဆောင်တွင်  ကံကြီးမွေးမြူရေးဇုန်နှင့် ရွှေမြို့မွေးမြူရေးဇုန်တို့မှ မွေးမြူရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး မွေးမြူရေးဇုန်ဖွံ့ဖြိုးတိုးတက်ရေး၊ မွေးမြူရေးလုပ်ငန်းများကို တိုးချဲ့မွေးမြူရေးနှင့် မွေးမြူရေးကဏ္ဍဖွံဖြိုးရေးအတွက် အားထုတ်ကြိုးပမ်းကြစေလိုကြောင်း၊ ဒေသ၏ အသား၊ ဥ၊ နိုနှင့် နိုထွက်ပစ္စည်းများ လိုအပ်ချက်ဖြည့်ဆည်းပေးနိုင်ရေးအပြင် မွေးမြူရေးထွက်ကုန်များကို တန်ဖိုးမြင့်စားသောက်ကုန်ချောများ ထုတ်လုပ်တင်ပိုရောင်းချနိုင်သည်အထိ လုပ်ငန်းများချဲ့ထွင်ဆောင်ရွက်ကြရန်မှာကြားပြီး လိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)