ပေါင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအား ဝန်ထမ်းသက်သာချောင်ချိရေး စားသုံးဆီများပေးအပ်

ပေါင် ‌မတ် ၄

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ဝန်ထမ်းသက်သာချောင်ချိရေးအတွက် ဝန်ထမ်းတစ်ဦးလျှင် စားသုံးဆီ (၃) ပိသာကို ယ‌နေ့နံနက်ပိုင်းက ပေးအပ်ခဲ့သည်။

ထိုသို့ပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထင်လင်းအောင်က မိမိဝန်ထမ်းများအား ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးအတွက် အထောက်အကူဖြစ်စေရေး ရည်ရွယ်ချက်ဖြင့် ဝန်ထမ်းတစ်ဦးလျှင် စားသုံးဆီ (၃) ပိသာနှုန်းဖြင့် ဆီပိဿာချိန် (၃၀၀) အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား အခမဲ့ပေးအပ်ခဲ့သည်။

ပေါင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် ဝန်ထမ်းများအား အခါအားလျော်စွာ ဆန်၊ ဆီ၊ ကြက်ဥ စသည့်အပြင် စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများကိုလည်း စဉ်ဆက်မပြတ် ဝန်ထမ်းသက်သာချောင်ချိရေးအတွက် အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)