မြောက်ဥက္ကလာပမြို့၌ နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်ပို့ချ

မြောက်ဥက္ကလာပ မတ် ၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့၌ တိုင်းဒေသကြီးအလေးမဆပ်ကော်မတီနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော နွေရာသီအခြေခံအလေးမသင်တန်းများကို မတ်လ ၁ ရက်နေ့မှစ၍ သက်ဆိုင်ရာနေရာများတွင် သင်တန်းဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။

အဆိုပါ နွေရာသီအားကစား သင်တန်းများကို မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှကြီးမှူး၍ အားကစားနည်း ၅ မျိုးဖြင့် ဖွင့်လှစ်ပို့ချလျက်ရှိရာ အားကစားနည်းများအနေဖြင့် အလေးမ၊ ရိုးရာခြင်းလုံး၊ လက်ဝှေ့၊ တိုက်ကွမ်ဒို၊ မြန်မာသိုင်း သင်တန်းတို့ဖြစ်ပြီး မိမိတို့ဝါသနာများအလိုက် အားကစားနည်းများကိုရွေးချယ်၍ တက်ရောက်လျက်ရှိကြရာ သင်တန်းကာလမှာ တစ်လကြာသင်ကြားပို့ချမည်ဖြစ်ကြောင်း မြို့နယ်အားကစားမှူးထံမှ သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)