ပန်းဘဲတန်း မတ် ၄
ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ ရွှေတိဂုံဘုရားလမ်း၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ ၂၀၂၄ -၂၀၂၅ ခုနှစ်ပညာသင်နှစ် အခြေခံပညာအလယ်တန်းဆင့် Grade 9 ကျောင်းသား/သူ (၆၆) ဦး၊ အခြေခံပညာမူလတန်းဆင့် Grade 5 ကျောင်းသား/ ကျောင်းသူ (၁၁၆) ဦး၊ စုစုပေါင်း (၁၈၂) ဦး၊ အင်္ဂလိပ်စာဘာသာရပ် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
စာမေးပွဲများ ဖြေဆိုရာတွင် အဆင်ပြေချောမွေ့စေရေးနှင့် ဖြေဆိုနိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး စိုးမင်းအောင်၊ အဖွဲ့ဝင် (၂) ဦးစံကျော်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထက်၊ ခရိုင်ပညာရေးမှူး ဒေါ်မာလာရီ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးယောမင်းကို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တအုပ်ချုပ်ရေးမှူး ဦးသိန်းလင်းအောင်တို့မှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့လုံခြုံရေးအဖွဲ့များ၊ ဆရာ/ဆရာမများဖြင့် စနစ်တကျစီမံဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ကျောင်းသား/သူများ ဖြေဆိုလျက်ရှိကြောင်း သတင်းရရှိသည်။
ဥမ္မာကျော်