မြစ်သားမြို့နယ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရပ်ကွက်အတွင်းရှိ ရေနှုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် အမှိုက် သရိုက်၊ ဆယ်ယူရှင်းလင်းခြင်းများဆောင်ရွက်

မြစ်သား မတ် ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်းရှိ ရပ်ကွက် (၆) ကွက်တို့တွင် အဓိကကျသည့် ရေနှုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် မြောင်းလုပ်သားများဖြင့်နေ့စဥ် ရေနှုတ်မြောင်းများအတွင်းမှ အမှိုက်သရိုက်၊ ဆယ်ယူရှင်းလင်းခြင်းကို စီမံချက်ချမှတ်၍ ရပ်ကွက်အစဥ်အလိုက် အလှည့်ကျစနစ်ဖြင့် ဆောင်ရွက်ကြပြီး မြို့နယ်တာ ဝန်ခံအရာရှိများကကြီးကြပ်ကာ ဝန်ထမ်းများနှင့် စက်ယန္တရားများ အသုံးပြု၍ လုပ်ငန်းတာဝန်များကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြစ်သားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်၏ စီမံညွှန်ကြားမှုဖြင့် မြို့နယ်အတွင်းရှိ သန့်ရှင်းရေး မြောင်းဆယ်လုပ်သားများသည် ရေစီးရေလာကောင်းမွန်ရေးအတွက် အလှည့်ကျရပ်ကွက်များ၌ မြောင်း‌အတွင်းရှိ ပိတ်ဆို့နေသည့် အမှိုက် သရိုက်များကို လူအင်အားဖြင့်လည်းကောင်း၊ စက်ယန္တရားများဖြင့်လည်းကောင်း ဆယ်ယူရှင်းလင်း၍ မော်တော်ယာဉ်များဖြင့် သိမ်းဆည်းစွန့်ပစ်၍ ဆောင်ရွက်ခဲ့ကြသည်။ မြစ်သားမြို့နယ် စည်ပင်သာယာရေးအဖွဲ့သည် မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ရေနှုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် မြောင်းဆယ်ယူရှင်းလင်းခြင်းလုပ်ငန်းများကို စီမံချက်ချမှတ်ဆောင်ရွက်လျက်ရှိသော်လည်း ရပ်ကွက်နေပြည်သူများ၏ လိုအပ်ချက်အရ သက်ဆိုင်ရာမြို့နယ်သို့ တင်ပြလာပါက ချက်ချင်းဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးစိုးအောင်ထံမှ သိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)