ကျောက်တန်းမြို့နယ်တွင် ၂၀၂၅-ခုနှစ်ပညာသင်နှစ် Grade - 5 နှင့် Grade - 9 နှစ်ဆုံးစာ‌မေးပွဲဖြေဆို

ကျောက်တန်း မတ် ၄

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကျောက်တန်းမြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၅-ခုနှစ် ပညာသင်နှစ် မူလတန်းဆင့် Grade - 5 နှင့် အလယ်တန်းဆင့် Grade - 9 နှစ်ဆုံးစာ‌မေးပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။

ခရိုင်အဆင့်စစ်ဆေးသော အခြေခံပညာမူလတန်းအဆင့် Grade - 5 တွင် စာစစ်ဌာန (၁၈) ခု၌ စာရင်းရှိ၊ (၂၄၃၆) ဦး၊ ဖြေဆိုသူ (၂၄၃၂) ဦးရှိသဖြင့် ဖြေဆိုသူရာခိုင်နှုန်း (၉၉.၈၄%) ဖြစ်ပြီး တိုင်းဒေကြီးအဆင့်စစ်ဆေးသော Grade – 9 တွင် စာစစ်ဌာန (၁၅) ခု၌ စာရင်းရှိ (၁၅၆၂) ဦး၊ ဖြေဆိုသူ (၁၅၅၉) ဦးဖြစ်ပြီး ဖြေဆိုသူရာခိုင်နှုန်း (၉၉.၈%) ရှိကြောင်း သိရသည်။ Grade-5 စာမေးပွဲကို မတ်လ ၃ ရက်နေ့မှ ၇ ရက်နေ့ထိနှင့် Grade - 9 စာမေးပွဲကို မတ်လ ၃ ရက်နေ့မှ ၈ ရက်နေ့ထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

နေလင်းကျော် (ပြန်/ဆက်)