ဒဂုံအရှေ့ မတ်လ ၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် (၁၀) နာရီက မလစ် (အရှေ့) ကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာနမှ လဝကမှူး ဒေါ်ဆန်းနုနှင့် ၀န်ထမ်းများက မလစ် (အရှေ့) ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ အသက် (၁၆-၁၈) ကြား၊ ၁၈ နှစ် အထက်နှင့် အမျိုးသားမှတ်ပုံတင်ကတ်ကိုင်ဆောင်ထားသူများ၊ အိမ်ထောင်စုမရှိဘဲ ပုံစံအလွတ်ဖြင့် ကောက်ယူလာသူများ (ယာယီအိမ်ထောင်စု) ထဲမှ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများနှင့် ရွေ့ပြောင်းနေထိုင်သူများအား အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပန်းခင်းစီမံချက် (၃) ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေးမဥ္ဇူ