ရန်ကုန် မတ် ၄
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သန်လျင်မြို့နယ်၌ (၈) ကြိမ်မြှောက် ပရိယတ္တိတံခွန်စာမေးပွဲစာအောင် သံဃာတော်များနှင့် သီလရှင်များအား အောင်လက်မှတ်ဆက်ကပ်လှူဒါန်းပွဲကို မတ် ၂ ရက်နေ့ မွန်းလွဲ (၁) နာရီတွင် သန်လျင်မြို့ အောင်မင်္ဂလာရပ်ကွက်ရှိ မဟာခေမိကာရာမရွှေကျင်စာသင်တိုက်၌ ကျင်းပသည်။
ရှေ့ဉီးစွာ အခမ်းအနားအားဘုရားကန်တော၍ ဖွင့်လှစ်ပြီး ကျောင်းတိုက် ပဓာနနာယာကဆရာတော်ထံမှ သီလခံယူဆောက်တည်ကြသည်။ ထို့နောက် အခမ်းအနားကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးဌေးမိုးက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ဆက်လက်၍ ပရိယတ္တိတံခွန်စာမေးပွဲတွင် အောင်မြင့်ခဲ့ကြသော သံဃာတော်များနှင့် သီလရှင်များအား အလှူရှင်များက အောင်လက်မှတ်နှင့် ဝတ္တုငွေများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ကျောင်းတိုက်အတွင်း တည်ဆောက်လျက်ရှိသည့် သုံးထပ်ကျောင်းဆောင်ကြီးအတွက် အလှူရှင်များက အလှူငွေများကို တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌ ဦးဌေးမိုးထံ ပေးအပ်လှူဒါန်းကြသည်။
ယင်နောက်လှူဒါန်းမှူအစုစုအတွက် ဆရာတော်ထံမှ အနုမောဒနာရေစက်ချတရားနာယူခဲ့ပြီး ကြွရောက်လာကြသော ဆရာတော်ကြီးများနှင့် စာအောင်သံဃာတော်များ၊ သီလရှင်များအား အလှူရှင်များက ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ (ပြန်/ဆက်)