ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် G-5 နှင့် အခြေခံပညာအလယ်တန်းအဆင့် G-9 စာမေးပွဲများ ဖြေဆို

ကျောက်ပန်းတောင်း မတ် ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် Grade-5 နှင့် အခြေခံ ပညာအလယ်တန်းအဆင့် Grade-9 နှစ်ဆုံးစာမေးပွဲ မြန်မာဘာသာရပ်ကို၊ မတ်လ (၃) ရက်နေ့ နံနက် (၉) နာရီမှ စတင်၍ သက်ဆိုင်ရာ ကျောင်းအသီးသီးတွင် စတင်ဖြေဆိုနေကြပြီဖြစ်သည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် မူလတန်းအဆင့် Grade-5 စာမေးပွဲကို၊ အခြေခံပညာမူလတန်းကျောင်း ၄၂ ကျောင်းမှ ဖြေဆိုရန် စာရင်းရှိ ကျား-၂၀၈၃ဦး၊ မ-၂၂၁၅ ဦး စုစုပေါင်း ၄၂၉၈ ဦးရှိသည့်အနက်၊ ဖြေဆိုသူ ကျား-၂၀၂၇ ဦး၊ မ-၂၀၇၉ ဦး စုစုပေါင်း ၄၁၀၆ ဦး ဝင်ရောက်ဖြေဆိုကြရာ ဖြေဆိုမှုရာခိုင်နှုန်း ၉၇.၈၆ ရာခိုင်နှုန်းရှိကြောင်း သိရပြီး၊ အခြေခံပညာအလယ်တန်းအဆင့် Grade-9 တွင် အခြေခံပညာကျောင်း ၂၇ ကျောင်းမှ ဖြေဆိုရန် စာရင်းရှိ ကျား-၁၄၄၀ ဦး၊ မ-၁၆၄၀ဦး စုစုပေါင်း ၃၀၈၀ ဦး အနက်၊ ဖြေဆိုသူ ကျား-၁၃၉၇ ဦး၊ မ-၁၆၁၆ ဦး စုစုပေါင်း ၃၀၁၃ ဦး ရှိရာ ဖြေဆိုမှုရာခိုင်နှုန်း ၉၈.၄၆ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)