ညောင်ဦးခရိုင်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (၂၃၉၂) ဦး ဝင်ရောက်ဖြေဆိုမည်

ညောင်ဦး မတ် ၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ ညောင်ဦးမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ ၂၃၉၂ ဦးဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ မြန်မာနိုင်ငံတစ်ဝှမ်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၁၇ ရက်မှ မတ်လ ၂၂ ရက်နေ့ထိ ဖြေဆိုမည်ဖြစ်ရာ ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ (၇၃၉)ဦး၊ ကျောက်ပန်းတောင်း မြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ (၁၆၅၃)ဦး၊ စုစုပေါင်း (၂၃၉၂) ဦးဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း ညောင်ဦးခရိုင် ပညာရေးမှူး ဦးကျော်ဝင်းထံက သိရသည်။

ဒီပါလင်း