ကျောက်ပန်းတောင်းမြို့နယ်တွင် ပိုလီယိုကာကွယ်ဆေး(အစက်ချဆေး) အရှိန်အဟုန်မြှင့်တိုက်ကျွေးခြင်း အစီအစဉ်ဆောင်ရွက်

ကျောက်ပန်းတောင်း မတ် ၄

ပိုလီယိုရောဂါကာကွယ်ဆေး (အစက်ချဆေး) အရှိန်အဟုန်မြှင့် တိုက်ကျွေးခြင်းအစီအစဉ်ကို ယနေ့နံနက် (၉)နာရီက၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက၊ မြို့မရပ်ကွက်၊ အမှတ်(၁၀)နယ်မြေ ဓမ္မာရုံတွင် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပိုလီယိုရောဂါ ကာကွယ်ဆေး တိုက်ကျွေးခြင်းအစီအစဉ်ကို ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအစီအစဉ်ဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရပြီး၊ ပိုလီယို (အရိုင်းပိုး) ကင်းစင်ပပျောက်ခြင်းအား၊ ဆက်လက်ထိန်းသိမ်းထားရှိနိုင်ရေးအတွက် ရွှေ့ပြောင်းလူဦးရေ များပြားသည့် တိုင်းဒေသကြီး(၄)ခုရှိ၊ အသက်(၂)လမှ (၅၉)လအရွယ် ကလေးများအားလုံးကို ပိုလီယို ရောဂါကာကွယ်ဆေး(အစက်ချဆေး) နှစ်ကြိမ်တိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ယနေ့စတင်တိုက်ကျွေးသည့် မြို့မရပ်ကွက်၌ နံနက်(၉)နာရီမှ မွန်းတည့် (၁၂)နာရီအထိ တိုက်ကျွေးပေးသွားမည်ဖြစ်ပြီး မွန်းလွဲ(၂)နာရီမှ ညနေ(၄)နာရီအထိ သီရိမင်္ဂလာရပ်ကွက် ဓမ္မာရုံတွင် တိုက်ကျွေးပေးသွားမည်ဖြစ်ကြောင်း သိရပြီး အဆိုပါ ကာကွယ်ဆေးတိုက်ကျွေးခြင်း အစီအစဉ်များကို မတ်လ(၈)ရက်နေ့အထိ တစ်နေ့လျှင် (၂)ရပ်ကွက် တိုက်ကျွေးသွားမည်ဖြစ် ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)