ဗဟန်း မတ် ၄
ဗဟန်းမြို့နယ်၌ အသည်းရောင်အသားဝါ(အေ)ရောဂါကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းတွင် ဗဟန်းမြို့နယ်၊ ဗိုလ်ချုပ်ပြတိုက်လမ်းရှိ ဗဟန်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ဗဟန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယအုပ်ချုပ်ရေးမှူးဦးမျိုးလင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက အသည်းရောင်အသားဝါရောဂါအကြောင်းနှင့် ကာကွယ်ရေးဆိုင်ရာများဖြစ်သည့် ကူးစက်နိုင်သည့်နည်းလမ်းများ၊ ရောဂါလက္ခဏာများ၊ သတိပြုရမည့်အချက်များ၊ ကာကွယ်နိုင်မည့်နည်းလမ်းများ၊ ဆောင်ရန်၊ ရှောင်ရန်များကိုရှင်းလင်းဟောပြောသည်။
ဆက်လက်၍ အခမ်းအနားတက်ရောက်လာကြသူများက အသည်းရောင်အသားဝါ(အေ)ရောဂါကြိုတင်ကာကွယ်ရေးအတွက် သိရှိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)