ဗိုလ်တထောင် မတ် ၄
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် Grade - 5 နှင့် Grsde - 9 ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲကို ယမန်နေ့မှစတင်၍ သက်ဆိုင်ရာစာစစ်ဌာနများတွင် ဖြေဆိုလျှက်ရှိကြောင်း သိရသည်။
အဆိုပါနှစ်ဆုံးစာမေးပွဲတွင်Grade - 5 Grade – 9 ကို ဗိုလ်တထောင်မြို့နယ်အတွင်းရှိ စာစစ်ဌာန (၇) ခု၌ ဖြေဆိုရာ Grade - 5 မှ ဖြေဆိုရန် စာရင်းပေးထားသည့် ကျောင်းသား/ကျောင်းသူ (၈၃၄) ဦးရှိပြီး ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၈၃၂) ဦးဖြေဆိုခဲ့ရာ (၂) ဦး ပျက်ကွက်ခဲ့ပါသည်။ ထို့အတူ Grade - 9 မှ ဖြေဆိုရန် စာရင်းပေးထားသည့် ကျောင်းသား/ ကျောင်းသူ (၇၂၂) ဦးဖြစ်ပြီးလာရောက်ဖြေဆိုသည့် ကျောင်းသား/ ကျောင်းသူ (၇၂၀) ဦးဖြစ်ရာ (၂) ဦး ပျက်ကွက်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် Grade - 5 နှစ်ဆုံးစာမေးပွဲကို မတ်လ ၃ ရက်နေ့မှ ၇ ရက်နေ့အထိလည်းကောင်း၊ Grade – 9 နှစ်ဆုံးစာမေးပွဲကို မတ်လ ၃ ရက်နေ့မှ ၈ ရက်နေ့အထိလည်းကောင်း ဖြေဆိုမည်ဖြစ်ကြောင်း သိရှိရသည်။
ခင်ဝင်း