ဒဂုံတောင် မတ် ၄
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှုအဆင့်အတန်းမြင့်မားလာစေရန်နှင့် အားကစားပြိုင်ပွဲများမှ တစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် မျိုးဆက်သစ်ဘောလုံးအားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အသက်(၁၈)နှစ်အောက် ဒဂုံမြို့သစ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်ကို ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်(၂၅)ရပ်ကွက်၊ ပုလဲရတနာလမ်းရှိ မြို့နယ်အားကစားတွင် ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ဆက်လက်၍ ယှဉ်ပြိုင်ကစားကြရာ ဒဂုံတောင်အသင်းမှ ဒဂုံမြောက်အသင်းကို (၃)ဂိုး (-)ဂိုးမရှိဖြင့် အနိုင်ရရှိလျက်ရှိကြောင်းသိရှိရသည်။
အဆိုပါပြိုင်ပွဲသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဘောလုံးဝါသနာရှင်များနှင့် ရပ်ကွက်နေပြည်သူများ လာရောက်ကြည့်ရှုကာ တစ်ခဲနက်အားပေးကြသည်။
ယနေ့တွင် တတိယနေ့ပွဲစဉ်အဖြစ် ဒဂုံဆိပ်ကမ်းအသင်းနှင့် ဒဂုံတောင်အသင်းတို့ ဆက်လက် ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ရာ ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သတင်းရရှိပါသည်။
နေမျိုးအောင်