ညောင်ဦး မတ် ၄
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-5 နှစ်ဆုံးစာမေးပွဲကို ယနေ့နံနက်ပိုင်းက အင်္ဂလိပ်စာဘာသာရပ် ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ညောင်ဦးမြို့နယ်တွင် အခြေခံပညာကျောင်း၊ ပုဂ္ဂလိကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၆၈) ကျောင်းတွင် ယနေ့တွင်လည်း Grade-5 ကျောင်းသား၊ ကျောင်းသူ (၃၄၁၉) ဦးတို့ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
စာမေပွဲဖြေဆိုနေမှုများအား ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများမှ ကျောင်းသား/ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်ပညာရေးမှူး ဒေါ်တင်အေးသန်း၊ ကျောင်းအုပ်ဆရာ/ မကြီးများနှင့် ဆရာ/ မများ ကြီးကြပ်၍ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဒီပါလင်း