ကျောက်ဆည် မတ် ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ဒေသတွင်းစားသုံးဆီဖူလုံပိုလျှံရေး နွေ၊ မိုး၊ ဆောင်းရာသီများတွင် မြေပဲ၊ နှမ်း၊ နေကြာသီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဆီထွက်သီးနှံပေါင်း (၅၃၁၈၁)ဧက စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် ဆီထွက်သီးနှံများစိုက်ပျိုးရာတွင် မိုးမြေပဲ(၂၈၀)ဧက၊ ဆောင်းမြေပဲ(၂၉၇)ဧက၊ မိုးနှမ်း(၄၀၅၇)ဧက၊ ဆောင်းနှမ်း(၅၁၃၅)ဧက၊ နွေနှမ်း(၃၀၀၀၀)ဧက၊ မိုးနေကြာ (၃၁၄၆) ဧက၊ ဆောင်းနေကြာ(၁၀၂၆၆)ဧက စုစုပေါင်း(၅၃၁၈၁)ဧက လျာထားစိုက်ပျိုးခဲ့ကြောင်းနှင့် အထွက်နှုန်းမိုးမြေပဲ (၁၁၇၃၆) တင်း၊ ဆောင်းမြေပဲ(၉၆၄၀)တင်း၊ မိုးနှမ်း(၅၁၁၈၃)တင်း၊ ဆောင်းနှမ်း (၆၉၃၆၃)တင်း၊ နွေးနှမ်းမှာ ရိတ်သိမ်းနိုင်ခြင်းမရှိသေးကြောင်းနှင့် မိုးနေကြာ (၆၄၉၀၀)တင်း၊ ဆောင်းနေကြာ(၁၆၇၂၄၇) တင်း ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် ဆီထွက်သီးနှံများစိုက်ပျိုးရာတွင် ဒေသတွင်းစားသုံးဆီဖူလုံရေးနှင့်တောင်သူများလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး မြို့နယ်စိုက်ပျိုးမှုညှိနှိုင်းရေးအဖွဲ့မှ တောင်သူများနှင့်တွေ့ဆုံပြီး စိုက်ပျိုးဧကများ လျာထားချက်ပြည့်မီကျော်လွန်ရေး ညှိနှိုင်းစိုက်ပျိုးလျက်ရှိကြောင်းနှင့် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများမှ ဒေသနှင့်ကိုက်ညီသည့် မျိုးစေ့များ၊ စိုက်နည်းစနစ်များ၊ ရိတ်သိမ်းခြွေလှေ့နည်းများ စနစ်တကျပညာပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်မောင်၊ ကျောက်ဆည်။