ဗိုလ်တထောင် မတ် ၄
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း မြဝတီခန်းမတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂ / ၂၀၂၅) ကို ယမန်နေ့ နေ့လယ် (၃) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။
ဦးစွာပထမ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်မှ အဖွင့်အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်လှမောင်မှ ယခင်အစည်းအဝေးဆုံးဖြတ်ချက်များ၊ လိုက်နာဆောင်ရွက်မှုများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ ညွှန်ကြားချက်များအား ဖတ်ကြားတင်ပြခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များ၊ တက်ရောက်လာသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ မိမိတို့ဌာနအလိုက်လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ဆွေးနွေးတင်ပြခြင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ဆွေးနွေးတင်ပြကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ညနေည့် (၅) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
ထိုအစည်းအဝေးသို့ ဗိုလ်တထောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ခင်ဝင်း (ပြန်/ဆက်)