တွံတေးမြို့နယ်၌ မီးဘေးလုံခြုံရေးအတွက် မီးစနစ်တကျသုံးစွဲခြင်း ရှိ/မရှိ ရပ်ကွက်များအတွင်း တစ်အိမ်တက်ဆင်းလိုက်လံကြည့်ရှုစစ်ဆေး

တွံတေး မတ် ၄

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့ရပ်ကွက်များအတွင်း မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးနှင့် မီးဘေးလုံခြုံရေးအတွက် မီးစနစ်တကျသုံးစွဲခြင်းရှိ/မရှိ လိုက်လံစစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ရပ်ကွက်များအတွင်း ယမန်နေ့နံနက်(၁၀)နာရီမှစတင်၍ ရပ်ကွက်များအတွင်း တစ်အိမ်တက်ဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့သို့ လိုက်လံစစ်ဆေးရာတွင် မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းမှ မီးသတ်စခန်းမှူး ဦးအောင်စိုးဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်း ထင်းမီး၊ ဂစ်မီးဖို၊ လျှပ်စစ်မီးစနစ်တကျသုံးစွဲခြင်း ရှိ/မရှိ၊ အရေးပေါ်မီးသတ်ဆေးဗူးထားရှိအသုံးပြုရန် အဆင်သင့် ရှိ/မရှိ၊ နေအိမ်ခြံဝန်းအတွင်း မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အမှိုက်သရိုက်ကင်းစင်ရေးနှင့် ရေအိတ်၊ သဲအိတ်၊ မီးချိတ်၊ မီးကတ်များထားရှိမှုတို့ကိုစစ်ဆေးပြီး အသိပညာပေးခြင်းများ ဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တွံတေးသား