ပေါင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ကျောက်ရေတွင်း-တံခွန်တိုင် ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီး

ပေါင် မတ် ၄

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကျောက်ရေတွင်း-တံခွန်တိုင် ကတ္တရာခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျောက်ရေတွင်း-တံခွန်တိုင်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်းအား ၂၀၂၄ ခုနှစ်ဇွန်လ (၂၄) ရက်နေ့တွင် Royal Tun Tun Company မှ တာဝန်ယူပြီး စတင်ဆောင်ရွက်ခဲ့ကာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့တွင် လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်သည်။

အဆိုပါ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ သွားလာအဆင်ပြေပြီး ခရီးတိုအတွင်း အချိန်နှောင့်နှေးမှုမရှိဘဲ သွားလာနိုင်ရန်ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ငွေကျပ် (၃၅၅.၉၉၈) သန်းဖြင့် အကုန်ကျခံခင်းပေးခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)