ကမာရွတ် မတ် ၄
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယမန်နေ့ နေ့လယ် ၂ နာရီအချိန် ကမာရွတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ အသည်းရောင်အသားဝါ(အေ) ရောဂါအကြောင်းအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ရာ ကမာရွတ်မြို့နယ်ဒုတိယမြို့နယ်စီမံအုပ်ချုပ်ရေးမှူးဦးဝေဖြိုးအောင်မှ အဖွင့်အမှာစကားပြောကြားပြီး ကမာရွတ်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒေါက်တာသင်းသင်းနိုင်မှ အသည်းရောင်အသားဝါ(အေ) ရောဂါကြောင်းအရာများကို အသိပညာပေးဟောပြောခြင်းနှင့် ကမာရွတ်မြို့နယ်အမျိုးသမီးရေးရာရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းကလျာက ဖြည့်စွက်ရှင်းလင်းပေးခဲ့ပါသည်။
ထို့နောက်အခမ်းအနားသို့ တက်ရောက်လာသူများမှ သိရှိလိုသည်များအား မေးမြန်းပြီး တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြပါသည်။ အဆိုပါဆွေးနွေးဟောပြောပွဲသို့ကမာရွတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ အင်အား(၁၀၀)ဦးခန့် တက်ရောက်ကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်ဆက်)