လယ်ဝေး မတ် ၄
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် Grade-9 နှင့် Grade-5 ကျောင်းသား/ကျောင်းသူတို့အား ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ နှစ်ဆုံးတတ်မြောက်မှု စာမေးပွဲများကို ယမန်နေ့နံနက် ၉ နာရီက စတင်ကျင်းပသည်။
လယ်ဝေးမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၌ Grade-9 စာမေးပွဲစာဖြေဌာန ၅၃ ကျောင်း၊ ဖြေဆိုသူ ၃၉၇၅ ဦး၊ ဖြေဆိုသူ ၉၉ ရာခိုင်နှုန်း၊ Grade-5 စာမေးပွဲစာဖြေဌာန ၆၄ ကျောင်း၊ ဖြေဆိုသူ ၅၃၉၂ ဦး၊ ဖြေဆိုသူ ၉၈ ဒသမ ၇၉ ရာခိုင်နှုန်းရှိပြီး မတ်လ ၃ ရက်မှ ၈ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။ စာမေးပွဲဖြေဆိုနေစဉ်အတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့တို့က စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများ လုံခြုံအေးချမ်းစွာဖြေဆိုနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)