လယ်ဝေးမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ဖြေဆိုခွင့်ကတ်ပြားများ ဆက်လက်ထုတ်ပေး

လယ်ဝေး မတ် ၄

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား  အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီ ၂၇ ရက်မှစတင် ထုတ်ပေးလျက်ရှိသည်။

လယ်ဝေးမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန ၁၀ ခုတွင် ကျင်းပမည်ဖြစ်ပြီး ကျောင်းသား ကျောင်းသူ ၂၆၂၄ ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၇ ရက်တွင် စတင်ကျင်းပမည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းသာယာ အဆင်ပြေချောမွေ့စွာဖြေဆိုနိုင်ရေးအတွက် တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)