ကျိုက်ထိုမြို့နယ်တွင် ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်အခြေခံပညာအတန်းများ နှစ်ဆုံးစာမေးပွဲဖြေဆို

ကျိုက်ထို မတ် ၄

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် Grade (5) နှင့် အလယ်တန်းအဆင့် Grade (9) များအတွက် နှစ်ဆုံးစာမေးပွဲကို ယမန်နေ့ နံနက် ၉ နာရီတွင်မြန်မာစာဘာသာရပ်အား စတင်ဖြေဆိုခဲ့ကြသည်။

ယင်းသို့ ဖြေဆိုရာတွင် Grade (5) ဖြေဆိုရန်စာစစ်ဌာန (၂၄) ခု သတ်မှတ်ထားပြီး ဖြေဆိုရန်စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၂၈၂၆) ဦးတွင် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ (၂၆၂၅) ဦး၊ ပျက်ကွက်သူ (၂၀၁) ဦးရှိကြောင်းနှင့် အလယ်တန်းအဆင့် Grade (9) ဖြေဆိုရန်စာစစ်ဌာန (၁၂) ခု သတ်မှတ်ထားပြီး ဖြေဆိုရန်စာရင်းရှိ (၁၅၁၄) ဦးမှ ဝင်‌ရောက်ဖြေဆိုသူ (၁၄၄၅) ဦးနှင့် ပျက်ကွက်သူ (၆၉) ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဝင်းမောင်