သာကေတမြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ပြည်သူ့စစ်မှုထမ်းဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး

သာကေတ မတ် ၄

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ ၄/​ တောင်ရပ်ကွက်၊​​ မြို့မလမ်းရှိ၊ သာသနဝေပုလ္လဓမ္မာရုံ၌ မတ်လ ၂ ရက်နေ့ နေ့လယ် ၂ နာရီအချိန်၌ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူဦးဆောင်၍ပြည်သူ့စစ်မှုထမ်းဆိုင်ရာနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါဆွေးနွေးပွဲ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးညွန့်ဝေ၊ အဖွဲ့ဝင်(၃)၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာနမြို့နယ်ဦးစီးမှူးဦးစံသိန်း၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးမှူး ဦးမင်းမင်း၊ ဒုတိယမြို့နယ်ဥပ‌ဒေအရာရှိ ဒေါ်သရဖီလှိုင်တို့မှ ၄/တောင်ရပ်ကွက်နှင့် ၄/မြောက်ရပ်ကွက်အတွင်းရှိ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ လမ်းမှူးများ၊ ပြည်သူများနှင့်တွေ့ဆုံ၍   ပြည်သူ့စစ်မှုထမ်း ဥပဒေ/နည်းဥပဒေများ၊ ညွန်ကြားချက်များနှင့် ကင်းလွတ်ခွင့်လျှော့ပေါ့ခွင့်၊ ရွှေ့ဆိုင်းခွင့်၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအား ပြည်သူများမှကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးအတွက် ရှင်းလင်းဆွေး‌နွေးခဲ့ကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)