တန့်ယန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ Grade-5 နှင့် Grade-9 စာမေးပွဲများစတင်ဖြေဆို

တန့်ယန်း မတ် ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ အခြေခံပညာဆင့် မူလတန်း Grade-5 နှင့် အလယ်တန်း Grade-9 စာမေးပွဲများအား ယမန်နေ့နံနက် ၉ နာရီမှ စတင်၍ အခြေခံပညာကျောင်းများ၌ စတင်ဖြေဆိုနေကြသည်။

အဆိုပါ အခြေခံပညာမူလတန်း Grade-5 နှင့် အလယ်တန်း Grade-9 စာမေးပွဲဖြေဆိုနေမှုများအား မြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းဦးနှင့် ကျောင်းအုပ်ကြီးများက ကြီးကြပ်ကာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း စာဖြေဌာနများတွင် မူလတန်း Grade-5 တွင် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၁၄၄၇)ဦးနှင့် အလယ်တန်း Grade-9 တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၄၁၃)ဦးတို့ စာရင်းပေးသွင်းထားကြောင်းနှင့် မြန်မာစာဘာသာအား စတင်ဖြေဆိုနေကြကြောင်း သိရသည်။

မင်းလွင်ဦး(တန့်ယန်း)