တန့်ယန်း မတ် ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် အမှတ်(၂)ရပ်ကွက်ရှိ ဝေဠုဝန် ပရိယတ္တိစာသင်တိုက်ကြီးအတွင်း (၂၅)ကြိမ်မြောက် ငွေရတု ပြည်လုံးချမ်းသာ ဝင်္ကဘာ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ပြည်လုံးချမ်းသာစေတီတော်ကြီး၏ ရှေ့မုခ်ဦး၌ ကျင်းပခဲ့သည်။
အဆိုပါ ပြည်လုံးချမ်းသာ ဝင်္ကဘာ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားတွင် ဝေဠုဝန် ပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဌာနနာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိစိန္တာ၊ ကိုင်းကုန်း ပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဌာန နာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကုသလနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ ပြည်လုံးချမ်းသာစေတီတော်ကြီးအား လှည့်လည်ပူဇော်ခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)