ပျဉ်းမနားမြို့နယ်၌ Grade-9 နှင့် Grade-5 နှစ်ဆုံးတတ်မြောက်မှု စာမေးပွဲများ စတင်ဖြေဆို

ပျဉ်းမနား မတ် ၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးမှ Grade-9 နှင့် Grade-5 ကျောင်းသား/ကျောင်းသူတို့အား ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နှစ်ဆုံးတတ်မြောက်မှုစာမေးပွဲများကို ယမန်နေ့ နံနက်က စတင်ကျင်းပရာ ပထမစာဖြေနေ့အဖြစ် မြန်မာစာဘာသာရပ်ကို စာဖြေဌာနအသီးသီးတို့၌ ဖြေဆိုခဲ့ကြကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၌ Grade-9 စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသူပေါင်း ၂၄၁၃ ဦး၊ ဖြေဆိုသူ ၂၃၉၆ ဦး၊ ပျက်ကွက် ၁၇ ဦး၊ Grade-5 ဖြေဆိုရန်စာရင်းသွင်းသူ ၂၉၄၉ ဦး၊ ဖြေဆိုသူ ၂၉၄၀ ဦး၊ ပျက်ကွက် ၉ ဦးရှိကြောင်း စာမေးပွဲဖြေဆိုနေစဉ်အတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့တို့က စာစစ်ဌာနများ၌ ကျောင်းသား/ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေး ကြပ်မတ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)