စဉ့်ကိုင် မတ် ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း အသီးသီးတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် Grade-5 နှင့် Grade-9 ကျောင်းသား/ ကျောင်းသူများ နှစ်ဆုံးတတ်မြောက်စစ်ဆေးမှု မြန်မာဘာသာရပ်စာမေးပွဲများကို ယမန်နေ့နံနက်ပိုင်းက စိတ်အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်အနေဖြင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ နှစ်ဆုံးတက်မြောက်စစ်ဆေးမှုစာမေးပွဲ မြန်မာစာဘာသာရပ်ဖြေဆိုရာတွင် Grade-5 တွင် စာရင်းရှိကျောင်းသားဦးရေ (၁၂၇၁) ဦး၊ ကျောင်းသူဦးရေ (၁၂၂၇) ဦး စုစုပေါင်းဦးရေ (၂၄၉၈) ဦးရှိပြီး၊ ဖြေဆိုသူကျေင်းသား ဦးရေ (၁၂၄၂) ဦး၊ ကျောင်းသူ ဦးရေ (၁၂၁၆) ဦး၊ စုစုပေါင်းဦးရေ (၂၄၅၈)ဦး ဝင်ရောက်ဖြေဆိုကာ ပျက်ကွက်ကျောင်းသားဦးရေ (၂၉) ဦး၊ ကျောင်းသူဦးရေ (၁၁) ဦး၊ စုစုပေါင်းဦးရေ (၄၀) ဦး ပျက်ကွက်ခဲ့ကြောင်း သိရှိရပြီး၊ Grade-9 တွင် စာရင်းရှိကျောင်းသားဦးရေ (၇၃၆) ဦး၊ ကျောင်းသူဦးရေ (၈၁၆) ဦး၊ စုစုပေါင်းဦးရေ (၁၅၅၂) ဦးရှိပြီး၊ ဖြေဆိုသူကျောင်းသားဦးရေ (၇၂၂) ဦး၊ ကျောင်းသူဦးရေ (၈၀၂) ဦး စုစုပေါင်းဦးရေ (၁၅၂၄) ဦး ဝင်ရောက်ဖြေဆိုကာ၊ ပျက်ကွက်သူကျောင်းသားဦးရေ (၁၄) ဦး၊ ကျောင်းသူဦးရေ (၁၄) ဦး၊ စုစုပေါင်းဦးရေ (၂၈) ဦး ပျက်ကွက်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျော်စွာ(စဉ့်ကိုင်)